FAQ


သီချင်းဗွီဒီယို ဝန်ဆောင်မှု

၁။     MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) အစီအစဉ်မှ မည်ကဲ့သို့သော ဝန်ဆောင်မှုမျိုးရရှိနိုင်မည်နည်း။ 

MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) အစီအစဉ်မှ အောင်မြင်ကျော်ကြား  လူကြိုက်များနေသော ပြည်တွင်းမှ    နိုင်ငံကျော်  တေးသံရှင် အဆိုတော်များ၏   Exclusive  Up  To  Date သီချင်း ဗွီဒီယိုအသစ်များကို  အစောဆုံး  ကြည့်ရှုနိုင်မည့်  ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။

၂။    MyMTV (သီချင်း ဗွီဒီယို ဝန်ဆောင်မှု) ဝန်ဆောင်မှုများအား မည်ကဲ့သို့ရယူနိုင်မည်နည်း။

MyMTV ဝန်ဆောင်မှုအား ရယူလိုပါက SMS ဖြင့်သော်လည်းကောင်း ၊ Portal ပေါ်မှတစ်ဆင့် သော်လည်းကောင်း ဝန်ဆောင်မှုအားရယူနိုင်ပါသည်။

(၁) SMS ဖြင့်ရယူလိုပါက- 

MTV ဟုရိုက်ပြီး 8411     သို့ စာတို(Message) ပေးပို့ရန်လိုအပ်ပြီး စည်းမျဉ်းစည်းကမ်းများ နှင့် ဝန်ဆောင်မှု ကုန်ကျစရိတ်အား လက်ခံပါက ‘ စာတို လက်ခံရရှိသော ဂဏန်း (ဥပမာ - 1,2,3,…) ’ ကို တစ်လုံးတည်း ရိုက်ကာ အတည်ပြုရန် 8411 သို့ ထပ်မံ စာတို(Message) ပေးပို့ရမည်  ဖြစ်ပါသည်။ ဝန်ဆောင်မှု ရယူပြီး အောင်မြင်ကြောင်း Message ပြန်လည်ရောက်ရှိလာပါက ပါဝင်သော www.mymtvportal.com  လင့်အား နှိပ်ပြီး MyMTV Portal သို့ ဝင်ရောက်နိုင်မည် ဖြစ်ပါသည်။

(၂) MyMTV Portal မှတစ်ဆင့်ရယူလိုပါက-

Mobile ဖုန်း Browser မှတစ်ဆင့် www.mymtvportal.com  လင့်အားရိုက်နှိပ်ပြီး Portal သို့ဝင်ရောက်ပါ။ 

Mobile Data ဖြင့်အသုံးပြုသူ User များအတွက်

အဆင့် (၁) - “ဝန်ဆောင်မှုရယူမည်” ဆိုသည့် စာမျက်နှာ (Landing Page) ဦးစွာကျလာမည်ဖြစ်သည်။

အဆင့် (၂) - ဝန်ဆောင်မှုရယူမည် စာမျက်နှာအား နှိပ်ပြီးပါက မိမိ၏ ဖုန်းနံပါတ် ဖြည့်သွင်းထားသော စာမျက်နှာ (Landing Page) သို့ရောက်ရှိ မည်ဖြစ်ပြီး ထို စာမျက်နှာ (Landing Page) တွင် ဝန်ဆောင်မှု၏ ဈေးနှုန်း နှင့် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ဖော်ပြထားရှိမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူရန်သေချာပြီဆိုပါက ဝန်ဆောင်မှုရယူရန် ခလုတ်အား နှိပ်ပြီး ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပါသည်။

အဆင့် (၃) - ထိုသို့ရယူပြီးပါက MyMTV Portal သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သီချင်းဗွီဒီယိုများအား နားဆင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

Wifi ဖြင့်အသုံးပြုသူ User များအတွက်

အဆင့် (၁) - ပထမဦးစွာ မိမိ၏ ဖုန်းနံပါတ်ရိုက်ထည့်ရမည့် စာမျက်နှာ (Landing page) သို့ရောက်ရှိပါမည်။ 

အဆင့် (၂) - “ဝန်ဆောင်မှုရယူမည်” ဆိုသည့် စာမျက်နှာ (Landing Page) ကျလာမည်ဖြစ်သည်။

အဆင့် (၃) - ဝန်ဆောင်မှုရယူမည် စာမျက်နှာအား နှိပ်ပြီးပါက ဝန်ဆောင်မှုရယူနိုင်ရန်အတွက် မိမိ၏ ဖုန်းနံပါတ်အားထပ်မံ  ဖြည့်သွင်းရန်လိုအပ်ပါသည်။  ထိုစာမျက်နှာ (Landing Page) တွင် ဝန်ဆောင်မှု၏ ဈေးနှုန်း နှင့် စည်းမျဉ်းစည်းကမ်းများအား အသေးစိတ်ဖော်ပြထားရှိမည်ဖြစ်ပါသည်။ ဝန်ဆောင်မှုရယူရန် သေချာပြီဆိုပါက ဝန်ဆောင်မှုရယူရန် ခလုတ်အား နှိပ်ပြီး ဝန်ဆောင်မှုရယူနိုင်မည်ဖြစ်ပါသည်။

အဆင့် (၄) - ထိုသို့ရယူပြီးပါက OTP Code (One Time Password) အား 8411 မှရရှိမည်ဖြစ်ပြီး ထို OTP code အား ပြန်လည်ရိုက်ထည့်ခြင်းဖြင့် MyMTV Portal သို့ ရောက်ရှိသွားမည်ဖြစ်ပြီး သီချင်းဗွီဒီယိုများအား နားဆင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

ဝန်ဆောင်မှုအတွက် ၉၉ကျပ် (ကုန်သွယ်လုပ်ငန်းခွန် ၅% ပါဝင်ပြီး) ကျသင့်မည် ဖြစ်ပြီး နေ့စဉ် ကောက်ခံသွားမည် ဖြစ်ပါသည်။    

၃။    ဝန်ဆောင်မှုပယ်ဖျက်လိုပါကမည်သို့ပြုလုပ်ရမည်နည်း။

MyMTV (သီချင်းဗွီဒီယို ဝန်ဆောင်မှု) ဝန်ဆောင်မှုအား ပယ်ဖျက်လိုပါက - MTVOFF ဟု 8411 သို့   စာတို (SMS) ပေးပို့ရပါမည်။

အသေးစိတ်မေးမြန်းလိုပါက Contents Hub Facebook Page Chat Box တွင် မေးမြန်းနိုင်သလို Customer Care Hotline Number 09-258539955, 09-258539966 တို့ကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ပါသည်။